Samsung SM-R965FZKAEUA Galaxy Watch6 Classic Lte 47mm

User Manual - Page 371

For SM-R965FZKAEUA.

PDF File Manual, 592 pages, Download pdf file

Loading ...
Loading ...
Loading ...
မြ်မာ
370
သင်၏ device ကို မတပ်ဆင်ပါနှင့်၊ ပြုပြင်မွမ်းမံခြင်းမလုပ်ပါနှင့်၊ မပြင်ဆင်ပါနှင့်။
သင်၏ device ကို ပြောင်းလဲမှုများနှင့် ပြုပြင်မွမ်းမံခြင်းများသည် သင့်ထုတ်လုပ်သူ၏ အာမခံချက်ကို ပျက်ပြယ်နိုင်စေသည်။ Device ကို
ဆားဗစ်ပြရန် လိုအပ်ပါက သင့် device ကို Samsung Service Centre(သို့မဟုတ်)ခွင့်ပြုချက်ရထားသော ဝန်ဆောင်မှုစင်တာသို့ ယူလာပါ။
ဘက်ထရီကို တပ်ဆင်ခြင်း(သို့မဟုတ်)ဖောက်ခြင်းတို့သည် ပေါက်ကွဲခြင်း(သို့မဟုတ်)မီးလောင်ခြင်းတို့ ဖြစ်စေနိုင်သဖြင့် ၄င်းတို့ကို
မပြုလုပ်ပါနှင့်။
ဘက်ထရီကို မဖြုတ်ပါနှင့်(သို့မဟုတ်)ပြန်မသုံးပါနှင့်။
သင့် device ကို သ့်ရှင်းရေးပြုလုပ်သည့်အခါ အောက်ပါအတိုင်း ပြုလုပ်ပါ
သင့် device နှင့် အားသွင်းကြိုးကို သဘက်(သို့မဟုတ်)ခဲဖျက်နှင့် ပွတ်တိုက်ပါ။
ဘက်ထရီအစွန်းများကို ဂွမ်းလုံး(သို့မဟုတ်)သဘက်ဖြင့် သန့်ရှင်းပါ။
ဓာတုပစ္စည်းများ(သို့မဟုတ်)ဆပ်ပြာမှုန့်များကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် device အပြင်ဘက်ကို
အရောင်ကျွတ်ခြင်း(သို့မဟုတ်)သံချေးတတ်ခြင်း(သို့မဟုတ်)လျှပ်စစ်ရှော့(သို့မဟုတ်)မီးလောင်ခြင်းတို့ ဖြစ်နိုင်သည်။
Device ကို ဖုန်၊ ချွေး၊ မင်ရည်၊ ဆီနှင့် အလှကုန်ပစ္စည်းများကဲ့သို့ ဓာတုပစ္စည်းများ၊ ဘက်တီးရီးယားရှင်းလင်းသည့် စပရေး၊
လက်သန့်စင်ဆေးရည်၊ ဆပ်ပြာမှုန့်နှင့် ပိုးသတ်ဆေး စသည်တို့နှင့် မထိတွေ့အောင် ကာကွယ်ပါ။ Device အပြင်နှင့်
အတွင်းအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးနိုင်ပါသည်(သို့မဟုတ်)၎င်း၏ လုပ်ဆောင်နိုင်စွမ်း မကောင်းနိုင်ပါ။ သင့် device သည် ရှေ့တွင်
ဖော်ပြထားသော ပစ္စည်းတစ်ခုခုနှင့် ထိတွေ့ပါက ချည်စချည်န မပါသော အဝတ်ပျော့နှင့် သန့်ရှင်းရေးလုပ်ပါ။
Device အား ၄င်းအတွက် ရည်ရွယ်ထားသော အသုံးပြုမှုမှလွဲ၍ အခြားအရာများအတွက် အသုံးမပြုပါနှင့်။
သင့် device သည် ချို့ယွင်းနိုင်သည်။
Device ကို လူကြားထဲတွင် သုံးသောအခါ အခြားသူများကို နှောင့်ယှက်ခြင်းမှ ကာကွယ်ပါ။
သင့် device ကို ပြင်ဆင်ရ် အရည်အသွေး ပြည့်မီသောသူများကိုသာ ခွင့်ပြုပါ။
သင့် device ကို ပြင်ဆင်ရန် အရည်အသွေး မပြည့်မီသောသူများကို ခွင့်ပြုခြင်းသည် သင့် device ကို ပျက်စီးစေနိုင်ပြီး ထုတ်လုပ်သူ၏
အာမခံချက်ကို ပျက်ပြယ်နိုင်စေသည်။
ကေဘယ်ကြိုးကို ဂရုတစိုက် ကိုင်တွယ်ပါ
သင့် device ကို ကြိုးဖြင့် ချိတ်ဆက်သောအခါ ကြိုးသည် မှန်ကန်သောဘက်တွင် တပ်ထားကြောင်း သေချာအောင် လုပ်ပါ။
ကြိုးကို အားနှင့် ဖိထည့်ခြင်း(သို့မဟုတ်)မှန်မှန်ကန်ကန် မချိတ်ဆက်ခြင်းတို့သည် ဖုန်းရှိ အားသွင်းရာနေရာ(သို့မဟုတ်)device
အခြားအစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။
အရေးပေါ်ဝ်ဆောင်မှုများကို သေချာအောင် လုပ်ဆောင်ခြင်း
သင့် device အရေးပေါ်ခေါ်ဆိုမှုသည် အချို့ဧရိယာ(သို့မဟုတ်)အခြေအနေများတွင် မရနိုင်သည်လည်း ရှိနိုင်သည်။ ထိန်းချုပ်ထားသော
(သို့မဟုတ်)မဖွံ့ဖြိုးသော ဧရိယာများသို့ ခရီးမထွက်ခင် အရေးပေါ်ဝန်ဆောင်မှု အမှုထမ်းများကို ဆက်သွယ်ခြင်းကဲ့သို့ အခြားသော နည်းလမ်းများကို
စီစဉ်ထားပါ။
Loading ...
Loading ...
Loading ...