Samsung SM-R955FZSAEUA Galaxy Watch6 Classic Lte 43mm

User Manual - Page 369

For SM-R955FZSAEUA.

PDF File Manual, 592 pages, Download pdf file

Loading ...
Loading ...
Loading ...
မြ်မာ
368
ဖလက်ရှ်အလင်းရောင်နှင့် ထိတွေ့သောအခါ သတိပေးချက်များကို လိုက်ာပါ။
သင်၏ device ကို အသုံးပြုနေစဉ် အခန်းတွင်းတွင် အလင်းတချို့ ရှိစေပြီး မျက်နှာပြင်ကို သင့်မျက်လုံးအနီးတွင် ကိုင်မထားပါနှင့်။
သင်သည် ဗီဒီယို ကြည့်နေစဉ်(သို့မဟုတ်)ဖလက်ရှ်အခြေခံ ဂိမ်းများကို အချိန်ကြာရှည်စွာ ကစားနေစဉ် ဖလက်ရှ်အလင်းရောင်နှင့် ထိတွေ့လျှင်
လေသင်တုန်းဖြတ်ခြင်း(သို့မဟုတ်)ခေတ္တသတိလစ်ခြင်းတို့ ဖြစ်နိုင်သည်။ သင်သည် သက်တောင့်သက်သာ မဖြစ်တော့ပါက device
အသုံးပြုနေခြင်းကို ချက်ချင်းရပ်လိုက်ပါ။
သင်နှင့် ပတ်သတ်သူ တစ်ဦးဦးသည် တူညီသော device ကို သုံးနေစဉ် လေသင်တုန်းဖြတ်ခြင်း(သို့မဟုတ်)ခေတ္တသတိလစ်ခြင်းတို့ ဖြစ်ဖူးလျှင်
device ကို အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါ။
သင်သည် အကြောဆွဲခြင်း(သို့မဟုတ်)စိတ်ရှုပ်ထွေးခြင်းကဲ့သို့ သက်တောင့်သက်သာ မဖြစ်တော့ပါက device အသုံးပြုနေခြင်းကို
ချက်ချင်းရပ်လိုက်ပြီး ဆရာဝန်တစ်ယောက်နှင့် တိုင်ပင်ပါ။
မျက်စိအားစိုက်ရခြင်းမှ ကာကွယ်ရန် device အသုံးပြုနေစဉ် အကြိမ်ကြိမ် ခဏရပ်နားပါ။
မကြာခဏ လှုပ်ရှားမှု ထိခိုက်ဒဏ်ရာများကို လျှော့ချခြင်း
ခလုတ်များကို နှိပ်ခြင်း၊ ထိတွေ့မျက်နှာပြင်ပေါ်တွင် အက္ခရာများ ရေးဆွဲခြင်း(သို့မဟုတ်)ဂိမ်းကစားခြင်းတို့ကဲ့သို့ လှုပ်ရှားမှုများကို အကြိမ်ကြိမ်
ပြုလုပ်ခြင်းသည် သင့်လက်၊ လည်ပင်း၊ ပခုံး(သို့မဟုတ်)ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် သက်သောင့်သက်သာမဖြစ်ခြင်းကို ခံစားရနိုင်သည်။
သင်၏ device ကို အချိန်ကြာရှည်စွာ အသုံးပြုသောအခါ device ကို သက်တောင့်သက်သာ ကိုင်ထားပါ၊ ခလုတ်များကို ညှင်သာစွာနှိပ်ပြီး
အကြိမ်ကြိမ် ခဏရပ်နားပါ။ သင်သည် အသုံးပြုနေစဉ်(သို့မဟုတ်)အသုံးပြုပြီးနောက်တွင် ဆက်လက်၍ သက်တောင့်သက်သာ မဖြစ်မှုကို
ခံစားနေရလျှင် device အသုံးပြုနေခြင်းကို ရပ်ပြီး ဆရာဝန်နှင့် တိုင်ပင်ပါ။
ားကြပ်အသုံးပြုသောအခါ သင်၏ အကြားအာရုံနှင့် ားကို ကာကွယ်ပါ
အသံကျယ်လောင်မှုနှင့် အလွန်အကျွံထိတွေ့ခြင်းက အကြားအာရုံကို ပျက်စီးစေနိုင်သည်။
လမ်းလျှောက်နေစဉ် အသံကျယ်လောင်မှုနှင့် ထိတွေ့ခြင်းသည် သင်၏ အာရုံကို လွင့်ပျံ့စေပြီး မတော်တဆမှု
ဖြစ်စေနိုင်သည်။
အသံရင်းမြစ်တွင် နားကြပ်ကို မချိတ်ခင် အသံကို အမြဲတမ်းလျှော့ပါ၊ သင်၏ စကားပြောဆိုမှု(သို့မဟုတ်)သီချင်းကို
ကြားရန် လိုအပ်သော အနိမ့်ဆုံးအသံ သတ်မှတ်ချက်ကိုသာ အသုံးပြုပါ။
နားကြပ်များနှင့် ပြင်ပပစ္စည်းများ ထိတွေ့မိပြီး အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားပါက နားပိုးဝင်ခြင်းဖြစ်နိုင်ပါသည်။ နားကြပ်များကို
သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
ခြောက်သွေ့သော ပတ်ဝန်းကျင်များတွင် လျှပ်စစ်ငြိမ်များသည် နားကြပ်အတွင်း တဖြည်းဖြည်း များပြားလာနိုင်သည်။ ခြောက်သွေ့သော
ပတ်ဝန်းကျင်များတွင် နားကြပ်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ(သို့မဟုတ်)device တွင် နားကြပ်မတပ်ခင် လျှပ်စစ်ငြိမ်များ မရှိစေရန်
သတ္ထုအရာဝတ္ထုတစ်ခုကို ထိတွေ့ကြည့်ပါ။
ကားမောင်နေစဉ်(သို့မဟုတ်)ဆိုင်ကယ်စီးနေစဉ် နားကြပ်ကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် သင့်အာရုံကို လွင့်ပျံ့စေပြီး မတော်တဆမှု
ဖြစ်စေနိုင်သည်(သို့မဟုတ်)၄င်းသည် သင်၏ဒေသပေါ် မူတည်၍ တရားမ၀င်မှု ဖြစ်နိုင်သည်။
လမ်းလျှောက်ေစဉ်(သို့မဟုတ်)ရွေ့လျားေစဉ် device အသုံးပြုသည့်အခါ သတိပေးချက်များကို အသုံးပြုပါ။
သင်(သို့မဟုတ်)အခြားသူများ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ရှားရန် သင်၏ ပတ်ဝန်းကျင်ကို အမြဲတမ်းဂရုစိုက်ပါ။
Loading ...
Loading ...
Loading ...