Hikvision DS-TMG520 Barrier gates with straight boom pole

Quick Start Guide - Page 71

For DS-TMG520.

PDF File Manual, 92 pages, Read Online | Download pdf file

DS-TMG520 photo
Loading ...
Loading ...
Loading ...
70
တပ်ဆင်ခြင်းမှ ရှောင်ကျဉ်ပါ။ ၎င်းအချက်ကို မလိုက်နာခဲ့ပါက ကိရိယာ
ပျက်စီးနိုင်ပါသည်။
အပူမလောင်စေရန်အတွက် အပူဖယ်ထုတ်သည့် အစိတ်အပိုင်းကို မကိုင်
ပါနှင့်။
ကိရိယာကို အလွန်ပူသော၊ အေးသော သို့မဟုတ် စိုထိုင်းသော ပတ်ဝန်းကျင
တို့တွင် မထားပါနှင့်။ အပူချိန်နှင့် စိုထိုင်းဆ လိုအပ်ချက်များအတွက်
ကိရိယာဆိုင်ရာ အသေးစိတ်အချက်များတွင် ရှုပါ။
မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့်
မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။
ချွန်မြသော အစွန်းများ သို့မဟုတ် ထောင့်များကို မထိပါနှင့်။
အကြားအာရုံ ထိခိုက်မှု မဖြစ်စေရန်အတွက် အသံကျယ်ကျယ်ဖြင့်
အချိန်အတန်ကြာ နားမထောင်ပါနှင့်။
ကိရိယာကို မတည်ငြိမ်သော နေရာများတွင် မည်သည့်အခါမျှ တပ်ဆင်ခြင်း
မပြုရပါ။ ဤကိရိယာ ပြုတ်ကျ၍ အနာတရ ပြင်းထန်စွာဖြစ်စေ၊
အသက်ဆုံးရှုံးသည်အထိ ဖြစ်စေ အန္တရာယ် ဖြစ်စေနိုင်သည်။ လိုအပ်ပါက
အန္တရာယ်ကင်းရှင်းရေး ကိရိယာ တပ်ဆင်ပါ။ ပုံမှန် စစ်ဆေးပါ။
ဤကိရိယာသည် ကွန်ကရစ်နှင့် အခြား ပေါက်ကွဲနိုင်ခြင်း မရှိသည့်
မျက်နှာပြင်များပေါ်တွင်သာ တပ်ဆင်ရန် သင့်လျော်ပါသည်။
ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ ထွက်လာလျှင် ပါဝါ
ချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။
ကိရိယာ ကောင်းကောင်းအလုပ်မလုပ်ပါက သင်ဝယ်ယူခဲ့သော စတိုးဆိုင်ကို
ဖြစ်စေ၊ အနီးစပ်ဆုံး ဝန်ဆောင်မှု စင်တာသို့ဖြစ်စေ ဆက်သွယ်ပါ။ ကိရိယာကို
ခွင့်ပြုမထားသည့် နည်းများဖြင့် ဖြုတ်ခြင်း သို့မဟုတ် ပြင်ဆင်
ပြောင်းလဲခြင်းများ မလုပ်ပါနှင့် (ခွင့်ပြုချက်မရဘဲ ပြင်ဆင်ပြောင်းလဲခြင်း
သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ပြဿနာများ ဖြစ်ခဲ့ပါက
မိမိတို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။)
Loading ...
Loading ...
Loading ...